ရက်စွဲ 5.4.2011(18.00) အချိန်တွင် MIET သင်္ကြန် ဘောလုံးပြိုင်ပွဲကြီးစတင် ကျင်းပပါတော.မည်...

ကြုံးဝါးသံများ

MIETဖလား..အကြောင်းတစေ့တစောင်း..

Tuesday, March 29, 2011 ·


နှစ်ဟောင်းတွေကုန်ဆုံးပြီးနှစ်သစ်တွေကူးပြောင်းပြီလို့ဆိုရမဲ့..ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့

နှစ်သစ်ကူးအခါသမယကို..ပျော်ပွဲရွင်ပွဲတွေနဲ့ကြိုဆိုကြတယ်ဆိုတာ..ကျွန်တော်တို့မြန်မာ.လူမျိုးတွေရဲ့ချစ်စရာ

အလွန်ကောင်းတဲ့ဓလေ့တစ်ခုပါပဲ..ဒီလိုပျော်၇ွင်မှုတွေနဲ့ကြိုဆိုကြတဲ့..ဒီလမှာ.အမိမြေနဲ့ဝေးကွာနေပေမဲ့လည်း.

အမိမြေရဲ့အနံ့အသက်တွေက..တော့ဘယ်နိုင်ငံပဲရောက်နေရောက်နေ.ပျောက်မသွားနိုင်တဲ့.မြန်မာတိုင်းရဲ့

အစဉ်အလာတစ်ခုလို့ဆိုရင်လဲ..မမှားနိုင်ပါဘူး..ကျွန်တော်တို့ရုရှားနိုင်ငံကိုရောက်ရှိနေကြတဲ့မြန်မာကျောင်းသား

များဟာဆိုရင်လဲ.ဒီနှစ်သစ်ကိုကြိုဆိုဖို့..နေရာဒေသအလိုက်.ပြင်ဆင်မှုတွေရှိနေကြပါပီ..

ကျွန်တော်တို့ MIET .တက္ကသိုလ်ကမြန်မာကျောင်းသားများဟာဆိုရင်လဲ..နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့..မြန်မာနှစ်သစ်ကူး..MIET ဖလားဘောလုံးပြိုင်ပွဲကြီးကို..စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက်..ကော်မတီအသီးသီးမှ..တာဝန်ယူ

ဆောင်ရွက်နေကြပါပြီ..ဒီနှစ်ဘောလုံးရာသီမှာတော့ဖြင့်.တမူထူးခြားတဲ့ဘောလုံးအသင်းတွေ..အသင်းလိုက်ဖွဲ့စည်းမှုတွေ.ကတော့.ယခင့်ယခင်က..ဖွဲ့စည်းခဲ့ပုံမျိုးမဟုတ်ပဲ..ဂါဒီယမ်အလိုက်..ဖွဲ့စည်းထားတာကို.တွေ့ရပါတယ်.

အသင်းလိုက်က..နည်းပြချုပ်တွေကလဲကြုံတွေ့၇မဲ့အခက်အခဲတွေ.ယှဉ်ပြိုင်ရမဲ့အသင်းတွေရဲ့အားနည်းချက်တွေ

အားသာချက်တွေကို.အသင်းသားတွေနဲ့တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်နေတာကိုလဲ..ပွဲစဉ်နီးလာတာနဲ့အမျှကွက်ကြားကွက်ကြားတွေ့နေရပြီခင်ဗျ..ယခုဆိုရင်.ခြေစမ်းပွဲတွေလဲ..ကွင်းမအားတဲ့ကြားနေအားကြိုးမာန်တက်.(အလုအယက်).ကွင်းလုပြီး..အဲ….)ကန်နေကြတာကိုတွေ့ရပါတယ်ခင်ဗျ.အသင်းလိုက်က.အသင်းသားတွေကလဲ.မအားမလပ်တဲ့ကြားက.(ချက်နေတဲ့ကြားကမဆင်းချင်ဆင်းချင်နဲ့).အားကြိုးမာန်တက်..လေ့ကျင့်နေကြတာကိုလဲ

တွေ့ရတယ်ခင်ဗျာ..ဒါကြောင့်ဒီနှစ်ဘောလုံးရာသီမှာ.အသင်းလိုက်ကဂါဒီယမ်အလိုက်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ဖွဲ့စည်းပုံကျစ်လစ်မှုရှိတာကြောင့်..သူနိုင်ကိုယ်နိုင်အပြိုင်ကျဲပြီး.အကြပ်အတည်းကြားက..ရုံးကန်ရမဲ့.

ဘောလုံးရာသီလို့ဆိုရင်လဲ.မမှားနိုင်ပါဘူး..ခန့်မှန့်လို့မရတဲ့.ရွက်ပုံးသီးတွေ..ကလဲ..ရှိနေပြန်တာကြောင့်.

ပွဲစဉ်အကြိုသုံးသပ်မဲ့ကလောင်ရှင်တွေတောင်.မ၀ံ့မရဲဖြစ်နေတာကိုတွေ့ရပါတယ်ခင်ဗျ..ဒီနှစ် MIET.နှစ်သစ်ကူးဖလားကိုတော့.ဘယ်အသင်းကများလက်ဝယ်ပိုင်ပိုင်ရရှိမယ်ဆိုတာကတော့..စောင့်ကြည့်ရမဲ့.

အနေအထားဖြစ်ပါတယ်ခင်ဗျာ….

0 comments:

Post a Comment

ပွဲစဉ်များ

အချိန်အသင်းအမည် အသင်းအမည်

အုပ်စုပွဲစဉ်ရလဒ်များ

အသင်းအမည် ရလဒ် အသင်းအမည်
ဟာကျူလီ ၁-၃ ရွှေညီကို
Winner ၂-၂ Striker
ပစ်တိုင်းထောင် ၄-၀ အေးရာအေးကြောင်း
Great Bear FC ၆-၀ Bachelor United
ရဲရဲတောက် ၁-၀ Womanizer group fc
Golden Guardian Group (G3) ၀-၁ Senators
Striker ၁-၀ Golden Guardian Group (G3)
Senators ၂-၁ ဘာလာလာ
ပစ်တိုင်းထောင်၎-၁ Bachelor United
Great Bear FC ၁-၀ Womanizer Group FC
အေးရာအေးကြောင်း၂-၀ ရဲရဲတောက်
ဟာကျူလီ ၁-၂ Winner

ဂိုးသွင်းသူများစာရင်း

tr>
စဉ် အမည် သွင်းဂိုး အသင်းအမည်
၁ မျိုးမောင်မောင် ၆ ပစ်တိုင်းထောင်
၂ နေ၀င်းထွန်း ၅ Great Bear FC
၃ စည်သူငြိမ်း ၃ Great Bear FC
၎ စိုးသူ ၂Winner
၅ အောင်ထွန်းထွန်း ၂ ရွှေညီကို

စာအသစ်တင်တိုင်း ပို့ပေးမယ်

အီးမေးလ်လိပ်စာထားခဲ့ပေးပါ

miet