Chess Race
ကြုံးဝါးသံများ
ရှံးပွဲမရှိ နဲ.အုပ်စုမှတက်သွားပြီဖြစ်သော ခုနှစ်ကြယ်အသင်းသားများ
နာမည်ကြီးအသင်းများ မျက်နှာပန်းလှခဲ့သည့် MIETဖလားအဖွင့်ပွဲစဉ်များ
နာမည်ကြီး အသင်းများ နိုင်ပွဲကိုယ်စီရရှိခဲ့ကြ ပါတယ်။
ပထမဦးဆုံးပွဲစဉ်အဖြစ် အုပ်စု(က)မှဟာကျူလီ နှင့် ရွှေညီကို အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ
ရွှေညီကိုအသင်းမှ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစသည်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်
ကစားကြရာ ပွဲစပြီး (၂)မိနစ်မှာတွင် ဟာကျူလီအသင်းတိုက်စစ်မှူး ဇင်ကိုထက်မှ ဦးဆောင်ဂိုး
သွင်းယူနိုင်ခဲ့သည်။ပထမပိုင်း(၅)မိနစ်မှာ ရွှေညီအစ်ကိုအသင်းမှ ချေပဂိုးပြန်လည်ရရှိရေးအတွက် ကိုသက်ဇော်လင်းအစား အောင်ခန့်နှင့် ကိုအောင်ငွေစိုးအစား အောင်ထွန်းထွန်းတို့ကို လဲလှယ်
ကစားခဲ့ပါတယ်။အဓိက ကစားသမားများ ပါဝင်လာသည်နှင့် ရွှေညီကို အသင်းမှ ဟာကျူလီအသင်း
ဘက်သို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပထမပိုင်း (၇)မိနစ်မှာ ရွှေညီကိုအသင်းမှ
ကိုနိုင်လင်းကျော် ကန်ချက် တိုင်ထိထွက်ခဲ့လို့ ဟာကျူလီအသင်း သက်သာရာရခဲ့ပါတယ်။ ချက်ချင်း
ဆိုသလို ပထမပိုင်း (၈)မိနစ်မှာ ရွှေညီကိုအသင်းမှ ပြည့်စုံဦးရဲ့ ကန်သွင်းချက် ဟာကျူလီအသင်း
ဂိုးသမား ပေါင်ကြားထဲမှ လှလှပပ ၀င်သွားတဲ့အတွက် ရွှေညီကို အသင်း ချေပဂိုးရရှိခဲ့ပါတယ်။
ဟာကျူလီအသင်းဟာ လည်း အနိုင်ဂိုးပြန်လည်ရရှိရေးအတွက် ကစားအားတင်ကစားခဲ့ရာ ဟာကျူလီ
အသင်းမှတိုက်စစ်မှူး ကိုသန်းထွေး ကန်ချက် တိုင်ထိထွက်ခဲ့လို့ အနိုင်ဂိုးတစ်ဂိုးနစ်နာခဲ့ရပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ရွှေညီကို အသင်းကစားသမား အောင်ထွန်းထွန်း အမှားမှတဆင့် ဟာကျူလီ
အသင်း ကစားသမား ကိုထင်ကျော် ဂိုးသမားနှင့်တစ်ယောက်ချင်း အတွေ့ အပိုင်ကန်သွင်းခွင့်ရရှိ
ခဲ့ပေမဲ့ ကန်ချက်မကောင်းခဲ့လို့ ဂိုးသမားကာကွယ်လိုက်နိုင်ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး
အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြလို့ (၁)ဂိုးစီသရေနှင့် ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရွှေညီကို အသင်းမှ အောင်အောင်အစား အောင်နေလင်းဝင်ရောက်ကစားခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စသည်နှင့် ကွင်းလယ်ကနေ စပေးဘောပေးရာကတဆင့် ရွှေညီကို အသင်းမှ
အောင်ထွန်းထွန်းကန်ချက်ကို ဂိုးသမား မဖမ်းနိုင်ဘဲ ပေါင်ကြားထဲမှ ၀င်သွားခဲ့လို့ ရွှေညီကိုအသင်း
(၂)ဂိုး(၁)ဂိုးနဲ့ ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ ဟာကျူလီ အသင်းဟာလည်း ချေပဂိုးရရေး အတင်း
တိုက်စစ်ဆင် ကစားခဲ့လို့ ရွှေညီကို နောက်တန်း အသည်းအသန်ဖျက်ထုတ်နေရပါတယ်။ ဒုတိယ
ပိုင်း (၁၇)မိနစ် အရောက် ရွှေညီကို အသင်းမှ ကိုနိုင်လင်းကျော်ရဲ့ အမှတ်မထင် VOLLEY ဆွဲကန်
မှု ဂိုးသမား မိခဲ့ပါတယ်။ နောက်မကြာမီမှာ ဟာကျူလီအသင်းတိုက်စစ်ဆင်မှုကို ဖျက်ထုတ်ရာမှ
ရွှေညီကို အသင်းထောင့်ကန်ဘောပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကို ဇင်ကိုထက် ကန်တင်ရာ
ကိုသန်းထွေး လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခဲ့ပေမဲ့ ဂိုးသမားမိခဲ့ပါတယ်။ ဟာကျူလီ အသင်း
မှ ကိုသန်းထွေး အနေနဲ့ အပိုင်ဂိုးသွင်းခွင့် အမြောက်အမြားရရှိ ခဲ့ပေမဲ့ ဂိုးအဖြစ် အသုံးမချနိုင်ခဲ့ပါ
ဘူး။ ဒုတိယပိုင်း မိနစ်(၂၀) အရောက် ရွှေညီကို အသင်းတန်ပြန်တိုက်စစ်မှ တဆင့် အောင်ခန့်
ကန်ချက် ဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဟာကျူလီ အသင်းကလည်းချေပဂိုးပြန်လည်ရရှိရေး
တရစပ်တိုက်စစ်ဆင်နေမှုကြောင့် ပွဲမှာ ပိုကြည့်ကောင်းလာပါတယ်။ ဒုတိယပိုင်း(၂၂)မိနစ်မှာ
ဟာကျူလီအသင်းမှ ဇင်ကိုထက်ရဲ့ ကန်ချက် ကောင်းသော်လည်းပဲ ရွှေညီကို ဂိုးသမားပုတ်ထုတ်
ကာကွယ်လိုက်နိုင်ပါတယ်။ ရွှေညီကို အသင်းမှ ကိုနိုင်လင်းကျော်အစား သန့်စင်ချို ပါဝင်ကစား
ခဲ့ပါတယ်။ ဒုတိယပိုင်း (၂၃)မိနစ်မှာ ဇင်ကိုထက် ကန်ချက် ဂိုးသမားမိခဲ့ပါတယ်။ ချက်ချင်းဆိုသ
လို ကွင်းလယ်ဖန်တီးမှု မှတဆင့် ဇင်ကိုထက် ရသွားပြီး အပြင်းကန်သွင်းခဲ့ပေမဲ့ တိုင်ဘေးနားက
ကပ်ထွက်သွားလို့ ဟာကျူလီအသင်း ချေပဂိုးရရေး နစ်နာခဲ့ရပါတယ်။ ရွှေညီကို အသင်းအနေနဲ့
ပွဲပြီးခါနီးမှာ ဟာကျူလီ အသင်းရဲ့ တိုက်စစ်ဆင်မှု ကိုတသင်းလုံးဆင်းပြီး ကာကွယ်နေရတာ
တွေ့ရပါတယ်။ ဒုတိယပိုင်း(၂၅)မိနစ်မှာ ဟာကျူလီအသင်းမှ ဇင်ကိုထက်ကန်ချက် ဂိုးသမား
ပေါင်ကြားမှ ထွက်ပြီး ကိုထင်ကျော်ဝင်ပိတ်ပေမဲ့ နောက်တန်းကစားသမား သန့်စင်ချိုရဲ့အနာခံ
ဖျက်ထုတ်မှုကြောင့် ဂိုးမ၀င်ခဲ့ပါဘူး။ သန့်စင်ချို အနေနဲ့လည်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိ
သွားခဲ့လို့ ကိုနိုင်လင်းကျော်နဲ့ လူစားပြန်လဲခဲ့ရပါတယ်။ ဒုတိယပိုင်း (၂၇)မိနစ်မှာ ရွှေညီကိုအသင်း
မှ အောင်ထွန်းထွန်း တိုက်စစ်ဆင်မှု ကို ဟာကျူလီအသင်းမှ ကိုမျိုးမင်းဟန် ဖျက်ထုတ်တာနည်း
နည်းကြမ်းတဲ့အတွက် ပြစ်ဒဏ်ဘောကန်ခွင့် ရွှေညီကို အသင်းရရှိခဲ့ပါတယ်။ သို့သော် ရွှေညီကို
အသင်းအနေနဲ့ နောက်ထပ် အနိုင်ဂိုးတစ်ဂိုး မဖန်တီးနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း (၂၈)မိနစ်အရောက်
ရွှေညီကို အသင်းမှ အမှတ်မထင် ဂိုးရှေ့ကန်တင်မှု ဟာကျူလီ အသင်းမှ ကိုမျိုးမင်းဟန် နဲ့ထိပြီး
ဂိုးဝင်သွားခဲ့တဲ့အတွက် ရွှေညီကို အသင်း တတိယဂိုးရရှိသွားခဲ့ပါတယ်။ ဟာကျူလီအသင်းမှလည်း
ချေပဂိုးရရေး တရကြမ်းတိုက်စစ်ဆင်လာရာ ကိုသန်းထွေးကန်ချက် နောက်တန်းနဲ့ထိပြီး
လမ်းကြောင်းပြောင်းသွားလို့ ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့ပါတယ်။ထိုထောင့်ကန်ဘောမှတဆင့်
ကိုသန်းထွေးကန်တင်ရာမှ ဇင်ကိုထက် ခေါင်းတိုက်ခဲ့ပေမဲ့ ဘားပေါ်ကနေကပ်ထွက်သွားခဲ့လို့
ချေပဂိုးရရေးမျှော်လင့်ချက် ပျောက်ဆုံးခဲ့ရပါတယ်။ ပွဲအပြီးမှာ ရွှေညီကို အသင်းမှ ဟာကျူလီ
အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိပြီး ဗွေဆော်ဦး သုံးမှတ် ဖြင့် အဖွင့်ပွဲ မျက်နှာပန်းလှခဲ့ပါတယ်။
ဒုတိယပွဲ အနေနှင့် အုပ်စု(က)မှ WINNER FC နှင့် STRIKER FC အသင်းတို့ ယှဉ်ပြိုင်ကစား
ခဲ့ကြရာ တဖက်(၂)ဂိုးစီနှင့် သရေပွဲဖြစ်သွားခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်အနေနဲ့ အုပ်စု(ခ)မှ နာမည်ကြီး ပစ်တိုင်းထောင်အသင်းနှင့် အေးရာအေးကြောင်း
အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြ ရာ အများ မျှော်လင့်ထားသည့် အတိုင်း အသင်းကြီးပီပီ
ပစ်တိုင်းထောင်အသင်းမှ (၄)ဂိုး ဂိုးမရှိဖြင့် ခြေစွမ်းပြ အနိုင်ယူခဲ့ပါတယ်။ အဆိုပါ(၄)ဂိုးစလုံးကို
ယမန်နှစ် အကောင်းဆုံးကစားသမားဆုရ ကိုမျိုးမောင်မောင် မှ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
(၁၂.၀၄.၂၀၁၁)(အင်္ဂါနေ့)
ည-၁၈း၃၀နာရီ GREAT BEAR FC-BACHELOR UNITED
ည-၁၉း၁၀နာရီ ရဲရဲတောက်-WOMANIZER GROUP FC
ည-၁၉း၅၀နာရီ GOLDEN GUARDIAN GROUP(G3)-SENATORS
MIET SPORT သို့ စာမူများပေးပို့လိုပါက mietsoccer@gmail.com သို့လိပ်မူပြီး ပေးပို့နိုင်ပါသည်။
Womanizer group FC အသင်း အကြောင်း တစ်စေ့တစ်စောင်း
၂၀၁၁ ခုနှစ် MIET တက္ကသိုလ်သင်္ကြန်ဖလား ဘောလုံးပြိုင်ပွဲဟာဆိုရင်၊ ရုရှားနိုင်ငံရဲ့ဆိုးရွားတဲ့ ရာသီဥတုအနေအထားကြောင့် သက်မှတ်ထားသော ပြိုင်ပွဲရက်ထက်နောက်ကျကာ (၁၁.၀၄.၂၀၁၁) မှာဆိုရင်ဖြင့် စတင်ယှဉ်ပြိုင်ကြတော့မှာဖြစ်ပါသည်။ ယခုနှစ်မှာတော့ ယခင်နှစ်များနဲ့ မတူထူးခြားစွာ guardian အုပ်စုလိုက် အသင်းဖွဲ့စည်းစေကာ ၀င်ရောက်ယှဉ်ပြိုင်စေခြင်းကြောင့်ပဲလား အခြား၊ အခြားသော အကြောင်းများကြောင့်ပဲလားတော့မသိ ပြိုင်ပွဲဝင်အသင်းများဟာဆိုရင်တော့ အသင်းလိုက်တူညီဝတ်စုံများကို ၀တ်ဆင်ယှဉ်ပြိုင်လာကြပါတယ်ခင်ဗျာ။ အသင်းလိုက်ဝတ်စုံများကို ဆင်မြန်းရုံတင်မကပဲ အသင်းလိုက် စုစည်းကာ၊ မိမိအသင်းပြိုင်ပွဲတွင် အနိုင်ရရှိရေးအတွက် ကြိုတင်ခြေစမ်းပွဲများ ကစားရုံတင်မကပဲ၊ ထပ်မံကာ အသင်းသားများ အင်အားပြည့်၊ အင်တိုက်အားတိုက် ကစားနိုင်ရန်အတွက် ပြိုင်ပွဲမ၀င်ခင် အားရှိမည့် အစားအသောက်များကို အသင်းအုပ်ချုပ်သူများ၏ စီမံမှု့နှင့်အတူ အသင်းသားများအားလုံး ၀ိုင်းဝန်းစုဖွဲ့ စားသောက်တာကိုလည်း တွေ့ရှိနေရပါတယ်ခင်ဗျာ။ ယခုလို ၀ိုင်းဝန်းစားသောက်တိုင်ပင်ကာ ကြိုတင်ပြင်ဆင်သော်လည်းပဲ ၄င်းအသင်းဟာဆိုရင်ဖြင့် ပြိင်ပွဲတွင်အနိုင်မရရှိတက်ကြောင်းကိုတော့ အားကစားကော်မတီမှ မျိုးမင်းဟန်(ဟာကျူလီအသင်း)မှ သူ၏ ကိုယ်တွေ့နှင့် တစ်ဖက်ပြိုင်ဖက် အသင်း(ရွှေညီကို အသင်းအား) ပြိုင်ပွဲမစတင်မှီ တစ်ဖက်အသင်းအား စကားလုံးတိုက်ပွဲများဖြင့် ဝေဖန်သုံးသပ်သွားခဲ့ပါကြောင်းပါခင်ဗျာ..။
စာရေးသူတို့အသင်းရဲ့နာမည်ကတော့ Womanizer group FC ပဲဖြစ်ပါတယ်ခင်ဗျာ။ Womanizer group FC ဆိုရင်ဖြင့် ပြိုင်ပွဲမစတင် အကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ဖြင့် တစ်ဖက်ပြိုင်ဖက်အသင်းသားများ စိတ်ဓာက်ပျက်လောက်အောင် ခြေပျက်၊ ဂိုးပြတ် 100 % နိုင်ပွဲဆက်နေသော Womanizer group FC ပဲဖြစ်ပါတယ် ခင်ဗျာ။ ပြိုင်ပွဲကြို ခြေရည်သွေးပဲ (၄) ပွဲကစားခဲ့ရာမှာဆိုတော့ဖြင့် Womanizer group FC အသင်းဟာဆိုရင် ပထမဆုံးပွဲစဉ်အဖြစ် အုပ်စုတွင်း အဓိကပြိုက်ဖက် Great Bear FC အသင်းကို (၄-၂) ၊ Striker အသင်း ကို (၅ - ၀)၊ ဘာလာလာ အသင်းကို (၄ - ၀)၊ Bechelor United အသင်းကို (၆ -၂) ပြက်သားသော အနိုင်ရလဒ်များဖြင့် ချီတက်နေသော Womanizer group FC အသင်းပဲဖြစ်ပါသည်ခင်ဗျာ။ ခြေစမ်းပွဲများကို စာရေးသူအနေဖြင့် ပြန်လည်သုံးသပ်ရမည်ဆိုပါက လေးပွဲကစား၊ လေးပွဲနိုင် ရှုံးပွဲမရှိ၊ ရဂိုး (၁၉) ဂိုး၊ ပေးဂိုး (၄)ဂိုးပဲဖြစ်ပါတယ်ခင်ဗျာ။ လေးပွဲကစားရာ သွင်းဂိုး (၁၉)လုံးထိသွင်းယူထားနိုင်ခြင်းကိုကြည့်ခြင်းအားဖြင့် တိုက်စစ်ထက်သော အသင်းအဖြစ် သုံးသပ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။ သို့ပါသော်လည်း လေးပွဲတွင် နှစ်ပွဲတာပေးဂိုးမရှိပဲ၊ ကျန်နှစ်ပွဲတွင် (၄) ဂိုးအထိပေးခဲ့ရတာကိုကြည့်ခြင်းအားဖြင့် ခံစစ်အားနည်းနေသေးကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ ပေးခဲ့ရသော ဂိုးများဟာဖြင့်လည်း Womanizer group FC အသင်းဟာအနိုင်ရရှိနေသဖြင့် အရန်ကစားသများ ကိုထုတ်သုံးသွားခြင်း ၊နောက်တန်းကစားသမားများ၏ ပေါ့ဆမှုတို့ကြောင့်တာ ပွဲပြီးခါနည်းအချိန်တွင် ပေးခဲ့ရသော ချေပဂိုးများဖြစ်ပါတယ်ခင်ဗျာ။ ၄င်းအားနည်း ချက်များကိုပြင်ဆင်ပြီး လက်ရှိခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်ဖြင့် Womanizer group FC အသင်းဟာ ပေးဂိုးမရှိ၊ ပွဲတိုင်းအနိုင်ရလဒ်ဖြင့် ၂၀၁၁ ခုနှစ် MIET သင်္ကြန်ဖလားကို၊ ရရှိမှာတော့ဖြင့် မြေကြီးလက်ခတ်မလွဲပါပဲခင်ဗျာ။
တစ်ဖက်အုပ်စုမှ အုပ်စုတက်ရန် ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ရွှေညီကို အသင်းဟာဆိုရင်လည်း Womanizer group FC အသင်းနှင့် စောစီးစွာမတွေ့ဆုံလိုသဖြင့် အုပ်စုပထမနေရာ ရယူနိုင်အောင်ကြိုးစားကစားသွားမှာဖြစ်ကြောင်း ကြားသိထားရပါတယ်ခင်ဗျာ။ အသင်းရဲ့ကစားကွက်နှုင့် လူအခင်းအကျင်းကိုတော့ဖြင့် တစ်ဖက်ပြိုက်ဖက်အသင်းများ ကြိုတင်ခန့်မှန်းရခက်အောင် စာရေးသူအနေဖြင့်ထိန်ချန်ထားပါကြောင်းနှင့် သိရှိလိုပါက Womanizer group FC အသင်းယှဉ်ပြိုင်ပွဲများကို လာရောက်ကြည့်ရှုနိုင်ကြောင်းပါခင်ဗျာ။ သို့ပါသော်လည်း Womanizer group FC အသင်းရဲ့ တစ်ပွဲနှင့် တစ်ပွဲ မတူညီသော လူအခင်းအကျင်း၊ ခြားနားတဲ့ ကစားကွက် နည်းဗျူဟာများဖြင့် ယှဉ်ပြိုင် အနိုင်ယူတတ်တာ ကိုတော့ဖြင့် ပြိုင်ဖက်အသင်းများအား စာရေးသူအနေဖြင့် ကြိုတင်သတိပေးထားကြောင်းပါ။
မည်သို့ပင်ဖြစ်စေကာမူ MIET သင်္ကြန်ဖလား ဟာဖြင့် အကောင်းဆုံးအသင်းများ၊ ဒိုင်းဆုကိုရရှိရန်ရေပန်းအစားဆုံးအသင်းများ ပြိုင်ပွဲမှာစောစီးစွာ ထွက်ခွာရတတ်ကြောင်းကိုတော့ ပြီးခဲ့သော ပြိုင်ပွဲများကို ကြည့်ရှုခြင်းဖြင့် နာမည်ကြီးအသင်းများသတိထားရမှာဖြစ်ပါတယ်ခင်ဗျာ။ ယနေ့လက်ရှိကာလ လူကြိုက်အများဆုံး အားကစားနည်းဖြစ်တဲ့ ဘောလုံးယှဉ်ပြိုင်ခြင်းဟာဆိုရင်ဖြင့် မထင်မှတ်သောရလဒ်များ ရရှိတတ်သောကြောင့် MIET သင်္ကြန်ဖလား မှာဆိုရင်ဖြင့် နာမည်ကြီး Womanizer group FC အသင်းပဲ ဒိုင်းဆုကြီးကို ပိုင်ဆိုင်နိုင်မည်လား၊ အခြားအသင်းများပဲ ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ဖြင့် ဆက်လက်ရင်ခုန်ရင်းဖြင့်..............
ရေးသားသူ - ဆရာစော(တောင်တွင်းကြီး)
MIET ဖလားစပြီ
အများမျှော်လင့်စောင့်စားနေကြတဲ့ MIET တက္ကသိုလ်ဖလား သင်္ကြန်ကာလ ဘောလုံးပွဲကြီး မနက်ဖြန်(၁၁.၀၉.၂၀၁၁)ဆိုရင် စတင်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဆိုးရွား လှတဲ့ ရာသီဥတုကြောင့် ပြိုင်ပွဲ ကျင်းပမည့်နေ့ကို အရင်ရက်ထက် နောက်ကျပြီး သတ်မှတ်ခဲ့ ရပါတယ်။
နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဘောလုံးကွင်းကြီးကို MIET တက္ကသိုလ် မြန်မာကျောင်းသားများရဲ့ စည်းလုံးညီညွှတ်မှု၊ အပင်ပန်းခံဇွဲရှိမှုတို့နှင့်အတူ ယခုကဲ့သို့ နဂိုမူလဘောလုံးကွင်းအခြေအနေ ပြန်ရောက်အောင် မခိုမကပ်ဘဲ ၀ိုင်းဝန်းပြီး နှင်းတွေရှင်းလင်းခဲ့ကြတဲ့အတွက် ပရိသတ်တွေ စောင့်စားနေတဲ့ MIET ဖလားဘောလုံးပြိုင်ပွဲ ကြီးကို မကြာခင်အားပါးတရရှုစားရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် အပင်ပန်းခံနှင်းရှင်းခဲ့ကြတဲ့ ညီအစ်ကိုသူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ MIET SPORT မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ပြိုင်ပွဲမတိုင်ခင် အကြိုခြေစမ်းပွဲများ ရာသီဥတုအခြေအနေကြောင့် ခဏရပ်နားခဲ့ပေမဲ့ပြိုင်ပွဲ အတွက် ကြိုတင်ရင်ခုန်သံတွေကတော့ ရပ်နားခြင်းမရှိပါဘူး။
ပြိုင်ပွဲဝင် အသင်းအသီးသီးရှိ ကစားသမားများ၏ အကြို ရင်ခုန်သံများကို ဖော်ပြလိုက်ရပါတယ်။
WINNER FC ဘောလုံးအသင်း၏ နာမည်ကြီးကွင်းလယ်ဖန်တီးရှင် အောင်ဝင်းထွန်းရဲ့ ပြောကြား ချက် ....
"ကျွန်တော်တို့ အသင်းက ဒဏ်ရာရာကစားသမားတွေများနေပါတယ်။ဒါပေမယ့်  ကျွန်တော်ကတော့ဝှက်ဖဲတစ်ချပ်ဖြစ်သွားနိုင်ပါတယ်။ပါမယ်မပါဘူးကတော့ပွဲစတဲ့ နေ့ မှပဲပရိတ်သတ်တွေကိုအသိပေးမှာ ပါ။ကျွန်တော်ပါပါ မပါပါ အနိုင်ကန်သွားမှာပါ။"
SENATORS FC အသင်းတိုက်စစ်မှူး စိုင်းဝဏ္ဏ၏ ပြောကြားချက်...
"ကျွန်တော်တို့ ကတော့ အောင်ပြည့်မိုး(GOLDEN GUARDIAN GROUP
ဟာကျူလီ အသင်းတိုက်စစ်မှူး ဇင်ကိုထက်ရဲ့ အသံ...
"ကျွန်တော်တို့ကတော့ မနက်ဖြန်မှာ ရွှေညီအစ်ကို အသင်းနဲ့ ပွဲဦးထွက်မှာရင်ဆိုင်ရပါမယ်။အုပ်စုတွင်း ပွဲကြပ် တစ်ပွဲပါပဲ။နိုင်အောင်ကန်မယ်လို့အားတင်းထားပါတယ်။"
တခြားနာမည်ကြီးတစ်သင်းဖြစ်တဲ့ ပစ်တိုင်းထောင်အသင်းကတော့ မနက်ဖြန်ပွဲအတွက် ကစားသမားများကိုမန်နေဂျာနှင့်အသင်းခေါင်းဆောင်မှခေါ်ယူပြီးအရေးပေါ်အစည်းအဝေး လုပ်တာတော့တွေ့ရပါတယ်။ ဘယ်လိုယှဉ်ပြိုင်မယ်။ဘယ်သူတွေပွဲထွက်လာမယ်ဆိုတာကို တော့ MIET SPORT သို့ပြောကြားခဲ့ခြင်းမရှိပါဘူး။
ပြိုင်ပွဲပြီး အခြေအနေများကို ကျွန်တော်တို့ MIET SPORT မှ အချိန်နဲ့တပြေးညီ ပရိသတ်များ ဆီသို့ တင်ပြရေးသားသွားပါ့မယ်။
(၁၁.၀၉.၂၀၁၁)(တနင်္လာနေ့)
ည-၁၈း၃၀နာရီ ဟာကျူလီ-ရွှေညီကို
ည-၁၉း၁၀နာရီ Winner Fc-Striker Fc
ည-၁၉း၅၀နာရီ အေးရာအေးကြောင်း-ပစ်တိုင်းထောင်
MIET SPORT သို့ စာမူများပေးပို့လိုပါက mietsoccer@gmail.com သို့လိပ်မူပြီး ပေးပို့နိုင်ပါသည်။
ရေးသားသူ။ ။ စိတ်ထားသန့်စင်
![]()
ဘယ်တော့မှမလဲတဲ့ ပစ်တိုင်းထောင်အသင်း
ပြိုင်ပွဲ အကြို ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာ ရလဒ်ကောင်းများ ရရှိနေသည်
ကို အားရဖွယ် တွေ့ရှိရပါတယ်။
"ပစ်တိုင်းထောင်" အသင်းသည် ပွဲဦးထွက် ပွဲစဉ်တွင် ဆုံတွေ့ရမည့် "အေးရာအေးကြောင်း"
အသင်းနှင့် ခြေစမ်းပွဲ ၂ ပွဲကစားခဲ့ရာပထမပွဲစဉ်တွင် ပစ်တိုင်းထောင် အသင်းမှ ၃ ဂိုး ဝ
နှင့်ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့ပြီး ဒုတိယပွဲတွင်လည်း ၂ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပစ်တိုင်းထောင် အသင်းရဲ့ အနေအထားကို ဝေဖန်သုံးသပ်ရလျှင် အသင်းလိုက်စုစည်းမှု
အားကောင်းပြီး ကြံ့ခိုင်မှု အပိုင်းမှာလည်း ကစားသမားအားလုံးဒဏ်ရာကင်းစင်လျှက်ရှိတယ်
ဆိုတာ ခြေစမ်းပွဲများ အနေအထားရ တွေ့ရှိရပါတယ်။ ခြေစမ်းပွဲနှစ်ပွဲလုံးမှာ အသင်းရဲ့
တိုက်စစ်မှူး သန်းထွန်းအောင် အနေနဲ့ တဖက်ဂိုးသမားနဲ့နောက်တန်းကို အလုပ်များစေ
ပြီး ဂိုးများသွင်းယူနိုင်ခဲ့တာကို အားရဖွယ်တွေ့ရပါတယ်။ ကျန်တဲ့တိုက်စစ်မှူးနှစ်ယောက်
ြုဖစ်တဲ့ ကျော်ပိုင် နဲ့ စိုးပြည့်လွင်တို့မှာလည်း သန်းထွန်းအောင်ဂိုးသွင်းနိုင်ဖို့ အတွက်
ဖန်တီးမှုတော်တော်များများပြုလုပ်နိုင်တာ တွေ့ရပါတယ်။ ပစ်တိုင်းထောင်အသင်းရဲ့
တိုက်စစ်မှူး ၃ ယောက်လုံး ခြေစမ်းပွဲတွေမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းအတွက်
၂ပွဲ၅ဂိုးဆိုတာ အလွန်အားရဖွယ်ပါပဲ။
အလယ်တန်းအနေနဲ့ ယခင်နှစ်က အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ကိုမျိုးမောင်မောင်
က တာဝန်ယူထားပါတယ်။ သူ့ရဲ့ အလယ်တန်းကနေ ဘောလုံးဖြန့်ဝေမှုက တိုက်စစ်မှူး ၂ဦး
အတွက် ဂိုးသွင်းခွင့်အမြောက်အမြားရစေခဲ့တာဆိုလည်း မမှားပါဘူး။ ဒါ့အပြင် တဖက်အသင်းရဲ့
တိုက်စစ်ဆင်မှုကို ကွင်းလယ်ကနေ စနစ်တကျ ဖျက်ထုတ်နိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။
တခါတရံတိုက်စစ်နဲ့အတူ လိုက်ပါပြီး အဝေးကနေလျှပ်တပြက် ကန်သွင်းချက်တွေနဲ့ ဂိုးလည်း
သွင်းတတ်ပါသေးတယ်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုနဲ့ ကွင်းလယ်မှာ တွန်းတွန်းတိုက်တိုက်
ကစားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာ အရံအင်အားဖြည့်အနေနဲ့
သန့်ဇော်လင်းကလည်း ပါဝင်ကူညီနိုင်ဖို့ ခြေစွမ်းနဲ့ကြံ့ခိုင်မှု အရမှာ အသင့်အနေအထားပဲလို့
အသင်းအုပ်ချုပ်သူ ကိုကျော်ဇော်ရဲကနေ MIET SPORT ကိုပြောကြားခဲ့ပါတယ်။
နောက်တန်းကိုဝေဖန်သုံးသပ်ရမယ်ဆိုရင် နောက်တန်းညာအစွန် ထူးဝေယံဖြိုး၊အလယ်
ကိုထိုက်အောင်ကျော်နဲ့ ဘယ်အစွန် ဇွဲသက်နိုင် တို့မှာလည်း ခြေစွမ်းပွဲ ၂ ပွဲမှာ ပေးဂိုး
တစ်ဂိုးတည်း နဲ့ ခံစစ်လုံခြုံမှုကိုပြသနေနိုင်တာတွေ့ရပါတယ်။ နောက်တန်းဘယ်အစွန်အတွက်
သိပ်စိတ်မချရသေးပေမဲ့ တစ်ပွဲပြီးတစ်ပွဲ တည်ငြိမ်လာတာတွေ့ရပါတယ်။ ဂိုးသမားဖြစ်သူ
ကိုတင့်လွင်မှာလည်း ယမန်နှစ်က အကောင်းဆုံးဂိုးသမားဆုနဲ့ လွဲခဲ့ရပေမဲ့ ဒီနှစ်မှာ
၎င်းဆုကို ရယူဖို့ ဆန္ဒပြင်းပြနေလျှက် ရှိတယ်ဆိုတာ တဖက်တိုက်စစ်ကို အကောင်းဆုံး
ကာကွယ်မှုတွေပြုနိုင်ခဲ့တဲ့ သူ့ရဲ့လက်စွမ်းက သက်သေပြနေတာ ခန့်မှန်းလို့ရပါတယ်။
အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုလျှင် ရှေ့လယ်နောက် အပေးအယူမျှပြီး တစ်ယောက်နဲ့
တစ်ယောက် နားလည်မှုရှိရှိနဲ့ အသင်းလိုက်ညီညွတ်မှု အကောင်းဆုံး အနေအထားကို
ရရှိနေပါတယ်။ မကြာခင်မှာ ယှဉ်ပြိုင် ကစားတော့မဲ့ ၂၀၁၁ခုနှစ် MIET ဖလား ဘောလုံး
ပြိုင်ပွဲ မှာ ပစ်တိုင်းထောင် အသင်းအနေနဲ့ လက်ရှိခြေစွမ်းကို ဆက်ထိန်းထားနိုင်ပြီး
အကောင်းဆုံးယှဉ်ပြိုင် ကစားခဲ့မယ်ဆိုရင် တော့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မှာ
မလွဲပါဘူး။
ပစ်တိုင်းထောင်အသင်း အုပ်ချုပ်သူ ကိုကျော်ဇော်ရဲမှ ပြောပြချက်................
"ကျွန်တော်တို့ အသင်းအနေနဲ့ ဒီနှစ်မှာ ဆီးမီးဖိုင်နယ်တော့ အနည်းဆုံး
တက်နိုင်မယ်ထင်ပါတယ်။ ကျွန်တော့်ကစားသမားတွေကစားခဲ့တဲ့ ခြေစမ်းပွဲတွေ
ရလဒ်ကိုလည်း အားရကျေနပ်ပါတယ်။ အကောင်းဆုံး ဖြစ်လာမယ်လို့မျှော်လင့်ပါတယ်"
ပစ်တိုင်းထောင်အသင်း၏အသင်းခေါင်းဆောင် ကိုမျိုးမောင်မောင်.............
"ဒီနှစ်မှာ အနိမ့်ဆုံးတော့ ဆီမီးဖိုင်နယ်ရောက်အောင် ကြိုးစားသွားမှာပါ။
အုပ်စုတွင်း အင်အားအကောင်းဆုံးလို့ ရေပန်းစားလာတဲ့ " Womanizer group fc နဲ့
Great bear fc အသင်းတွေနဲ့ တွေ့ရမဲ့ ပွဲစဉ်တွေက ကျွန်တော်တို့အတွက် အခက်အခဲဆုံး
ဖြစ်လာမယ်ထင်ပါတယ်။"
ပစ်တိုင်းထောင်အသင်း ဂိုးသမားကိုတင့်လွင်၏ ရင်ဖွင့်စကား.........
"အကောင်းဆုံးဂိုးသမားဆုအထိတော့ မမျှော်မှန်းပါဘူး..
ပစ်တိုင်းထောင်အသင်းနဲ့ခြေစမ်းပွဲ ကစားခဲ့သော "အေးရာအေးကြောင်း" အသင်း
ခေါင်းဆောင်နှင့် အုပ်ချုပ်သူ ကိုဆန်းမင်းနိုင်မှပြောကြားချက်..
"ပစ်တိုင်းထောင် အသင်းရဲ့ တိုက်စစ်မှူး သန်းထွန်းအောင်ကို ထိန်းချုပ်ထားဖို့ ကျွန်တော့်
နောက်တန်းတွေကို သေချာမှာခဲ့ပါတယ်။ ဒါပေမဲ့ မထိန်းချုပ်နိုင်ခဲ့လို့ ရှုံးနိမ်ခဲ့ရတာပါ။
သူတို့နဲ့တွေ့ဆုံမဲ့ အုပ်စုပွဲစဉ်မှာ သန်းထွန်းအောင်ကို အကောင်းဆုံးထိန်းချုပ်သွားနိုင်
မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အသင်းနာမည်က "အေးရာအေးကြောင်း"ပါ
ဘာပဲဖြစ်ဖြစ် အေးရာအေးကြောင်းပါပဲ" ။
ပစ်တိုင်းထောင် အသင်းခံစစ်ညာအစွန် ထူးဝေယံဖြိုးမှ အသင်းရှိကစားသမားများ အား ပြိုင်ပွဲနှင့် ပတ်သက်ပြီး ရလာမဲ့အနိုင်အရှုံးရလဒ်များအတွက် ပြောချင်သော စကား............

အသင်းလိုက်ကစားသမားများ
| အသင်း(၁) | အသင်း(၂) | အသင်း(၃) | အသင်း(၄) | |
| ၁ | ဇာနည်လှိုင် | မျိုးမြင့်သူ | ကျော်ကျော်ဥာဏ်လင်း | ဆန်းမင်းနိုင် |
| ၂ | ရန်လင်းအောင် | ထက်မင်းဖြိုး | ရဲထွန်းသိန်း | အောင်ဘိုဘိုဟိန်း |
| ၃ | အောင်ငွေစိုး | နီဇော် | နေ၀င်းအောင် | မျိုးမင်းထွန်း |
| ၄ | နိုင်လင်းကျော် | ကျော်နိုင်စိုး | ရန်နောင်စိုး | နေမျိုးအောင် |
| ၅ | သက်ဇော်လင်း | သောင်းနိုင်ဦး | ဟိန်းထက် | ဆန်းထွန်းဦး |
| ၆ | သန့်ဇင်ချို | မိုးမင်းဦး | စောလှိုင်ဖြိုး | ဝေဖြိုးထက် |
| ၇ | အောင်ခန့် | စိုင်းအောင်မြတ်သူ | စိုးပြည့်ဖြိုး | စိုင်းဝင်းမော် |
| ၈ | အောင်ထွန်းထွန်း | ကောင်းစံ | မင်းမင်းထိုက် | ထွန်းဇော်ဦး |
| ၉ | အောင်နေလင်း | စည်သူဒွေး | နေအောင် | အောင်ကိုဦး |
| ၁၀ | ကျော်ဇေယျ | ထူးမြတ်လွင် | ညီညီထွေး | ဥာဏ်ဝင်းအောင် |
| ၁၁ | ပြည့်စုံဦး | ရန်အောင်ထိုက် | အောင်မင်းဦး | ဟိန်းလင်းအောင် |
| ၁၂ | စိုးထက်အောင် | ဇေယျာလင်း | သိန်းထွန်းဦး | ဇော်မင်း |
| ၁၃ | ထင်လင်းအောင် | သက်မင်းဦး | ဟန်ဝင်းအောင် | သော်ဇင်ဦး |
| ၁၄ | အောင်အောင် | ကျော်မျိုးအောင် | ကျော်ဇင်ထွန်း | ဝေယံဝင်း |
| ၁၅ | ထက်မြတ်ဇော် | ရဲဟန် | သူရိန်ထွန်း | မျိုးဆက်ပိုင် |
| ၁၆ | | | | သိန်းဇော်ဦး |
| စဉ် | အသင်း(၅) | အသင်း(၆) | အသင်း(၇) | အသင်း(၈) |
| ၁ | တေဇာလင်း | သန်းဇော်ဦး | အောင်စိုးလွင် | ကျော်ဇော်ရဲ |
| ၂ | စောလင်းမောင် | ထင်ကျော်(ငယ်) | သန်းရှိန် | ထိုက်အောင်ကျော် |
| ၃ | ချစ်ဇော်ဟိန်း | မျိုးမင်းဟန် | စိုးသူအောင် | မျိုးမောင်မောင် |
| ၄ | အောင်သူရ၀င်း | ရန်နိုင်ဦး | ကျော်သူရ | ဝေထက်စည် |
| ၅ | မျိုးဇော်အောင် | သန်းထွေး | ကျော်ကျော်လင်း | နိုင်လင်းဇော် |
| ၆ | စိုးမင်း | ဖြိုးဝေလှိုင် | ခန့်ဇော်ထက် | တင့်လွင် |
| ၇ | ကျော်ဇောာအောင် | ဇင်ကိုထက် | တေဇာလင်း(၅၀) | စိုးပြည့်လွင် |
| ၈ | စိုးမိုးအောင် | ကျော်ဆန်း | ထိန်းလင်း(၅၀) | သန်းထွန်းအောင် |
| ၉ | ကျော်စိုးလင်း | ဌေးမြင့်ကျော် | အောင်မျိုးမော် | သန့်ဇော်လင်း |
| ၁၀ | မိုးကျော်သူ | ငြိမ်းချမ်းအောင် | ဟန်စိုးမင်း | ရာဇာထွန်း |
| ၁၁ | ပြည့်ဖြိုးအောင် | ငြိမ်းသူ | စိုင်းဝဏ္ဏ | ထူးဝေယံဖြိုး |
| ၁၂ | အာကာစိုး | ဇင်ဖြိုးလွင် | ဘလှသန်း | ဇွဲသန့်နိုင် |
| ၁၃ | ဇင်သော်ဦး | ရဲဖြိုးဟန် | ရန်နိုင်ဖြိုး | မြင့်သူစိုး |
| ၁၄ | ဇော်ဇော်ဝင်း | ၀င်းထွန်း | ရဲတေဇာလွင် | အောင်နိုင် |
| ၁၅ | | မိုးကျော်သူ | ဝေဖြိုးအောင် | ကျော်ပိုင် |
| ၁၆ | | အောင်ဖြိုးဦး | | တင်လင်းဇော် |
| စဉ် | အသင်း(၉) | အသင်း(၁၀) | အသင်း(၁၁) | အသင်း(၁၂) | အသင်း(၁၃) |
| ၁ | မိုးဇော်သွေး | ကျော်မျိုးထွန်း | ထင်ကျော် (ကြီး) | ကျော်သူ | ပြည်သိမ်းနိုင် |
| ၂ | စိုးမင်းထက် | သန့်ဇင်ဖြိုး | ထက်အောင်လင်း | မျိုးကိုကိုဝင်း | မျိုးကျော်သူ |
| ၃ | ဖုန်းမြတ်လှိုင် | ဝေမင်းမောင် | သန်းထူးကျော် | စည်သူငြိမ်း | နေ၀င်းကျော် |
| ၄ | ဝေယံလွင် | သော်တာဇော် | မင်းသူဆွေ | စည်သူအောင် | မင်းသက်အောင် |
| ၅ | ဇော်ထက်ကို | ကျော်သူထွန်း | စိုးသူ | ငြိမ်းချမ်းအောင် | စည်သူလင်း |
| ၆ | ငြိမ်းမင်းကို | ကျော်မြင့်အောင် | နေဇော်ရှိန် | နေ၀င်းထွန်း | သိန်းဇော်ထွန်း |
| ၇ | ကောင်းမြတ်သူ | ရဲကျော်စွာဝင်း | အောင်ဝင်းထွန်း | သူရိန်ထွန်း (၅၀) | နိုင်မြင့်ဇော် |
| ၈ | ကျော်ဇင်ဦး | ကျော်သူ(၅၀) | ဝေလင်းမောင် | ဝေဖြိုးကြည် | အောင်ပြည့်မိုး |
| ၉ | ဖြိုးလျှံထွဋ် | ဟန်ထွန်းအေး | ဖြိုးသီဟ | လွင်ကိုထွန်း | ကောင်းထက်ရှိန် |
| ၁၀ | တေဇာမွန် | ဇော်ဝင်းထူး | တင်ဦးမောင် | ကျော်ဇင်လင်း | ထွန်းအောင်လွင် |
| ၁၁ | မင်းသူသောင်း | ကျော်စွာမောင် | တင်ဝင်းလှိုင် | စိုးမိုးလင်း | စိုးထွေး |
| ၁၂ | သက်နိုင်ထွန်း | ဇင်ဖြိုးအောင် | မင်းရဲစိုး | ရန်နောင်ဟိန်း | ကျော်လင်းထွန်း |
| ၁၃ | ဇော်မင်းထွန်း | ထိန်လင်းအောင် | အောင်မျိုးပိုင် | ပိုင်ဝင်း | ဇော်ကိုနိုင် |
| ၁၄ | ဖြိုးမောင်မောင် | ဇော်မင်းခိုင် | ပြည့်ဖြိုးနောင် | ဇင်အောင်ထက် | ဇော်ဝိတ် |
| ၁၅ | | ဇော်မင်းသူ | တင်လင်းအောင် | အောင်ဇင်ဖြိုး | အောင်သူရ |
ဒိုင်လူကြီးများ
| စဉ် | အမည် |
| ၁ | တေဇာလင်း |
| ၂ | ထက်မင်းဖြိုး |
| ၃ | သန်းရှိန် |
| ၄ | ထင်ကျော်(အသေး) |
| ၅ | ကျော်သူ |
| ၆ | မျိုးမောင်မောင် |
| ၇ | မျိုးမင်းဟန် |
| ၈ | ခန်.ဇော်ထက် |
| ၉ | နိုင်လင်းကျော် |
| ၁၀ | ကျော်နိုင်စိုး |
| ၁၁ | ဇင်ကိုထက် |
| ၁၂ | နေ၀င်းထွန်း |
| ၁၃ | အောင်ဝင်းထွန်း |
| ၁၄ | အောင်ထွန်းထွန်း |
| ၁၅ | ညီညီထွေး |
| ၁၆ | စိုင်းဝဏ္ဏ |
| ၁၇ | ပိုင်ဝင်း |
| ၁၈ | ရန်နောင်ဟိန်း |
| ၁၉ | ဇော်မင်းသူ |
| ၂၀ | မိုးကျော်သူ |
visitor
Follows
တင်ပြီးသမျှ
ပွဲစဉ်များ
| အချိန် | အသင်းအမည် | အသင်းအမည် |
အုပ်စုပွဲစဉ်ရလဒ်များ
| အသင်းအမည် | ရလဒ် | အသင်းအမည် |
| ဟာကျူလီ | ၁-၃ | ရွှေညီကို |
| Winner | ၂-၂ | Striker |
| ပစ်တိုင်းထောင် | ၄-၀ | အေးရာအေးကြောင်း |
| Great Bear FC | ၆-၀ | Bachelor United |
| ရဲရဲတောက် | ၁-၀ | Womanizer group fc |
| Golden Guardian Group (G3) | ၀-၁ | Senators |
| Striker | ၁-၀ | Golden Guardian Group (G3) |
| Senators | ၂-၁ | ဘာလာလာ |
| ပစ်တိုင်းထောင် | ၄-၁ | Bachelor United |
| Great Bear FC | ၁-၀ | Womanizer Group FC |
| အေးရာအေးကြောင်း | ၂-၀ | ရဲရဲတောက် |
| ဟာကျူလီ | ၁-၂ | Winner |
ဂိုးသွင်းသူများစာရင်း
| စဉ် | အမည် | သွင်းဂိုး | အသင်းအမည် |
| ၁ | မျိုးမောင်မောင် | ၆ | ပစ်တိုင်းထောင် |
| ၂ | နေ၀င်းထွန်း | ၅ | Great Bear FC |
| ၃ | စည်သူငြိမ်း | ၃ | Great Bear FC |
| ၄ | စိုးသူ | ၂ | Winner | ၅ | အောင်ထွန်းထွန်း | ၂ | ရွှေညီကို |
