ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် MIET ဖလား အဖွင့်ပွဲစဉ်များတွင် အများမျှော်မှန်းထားသည့်အတိုင်း
နာမည်ကြီး အသင်းများ နိုင်ပွဲကိုယ်စီရရှိခဲ့ကြ ပါတယ်။
ပထမဦးဆုံးပွဲစဉ်အဖြစ် အုပ်စု(က)မှဟာကျူလီ နှင့် ရွှေညီကို အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ
ရွှေညီကိုအသင်းမှ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစသည်နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်
ကစားကြရာ ပွဲစပြီး (၂)မိနစ်မှာတွင် ဟာကျူလီအသင်းတိုက်စစ်မှူး ဇင်ကိုထက်မှ ဦးဆောင်ဂိုး
သွင်းယူနိုင်ခဲ့သည်။ပထမပိုင်း(၅)မိနစ်မှာ ရွှေညီအစ်ကိုအသင်းမှ ချေပဂိုးပြန်လည်ရရှိရေးအတွက် ကိုသက်ဇော်လင်းအစား အောင်ခန့်နှင့် ကိုအောင်ငွေစိုးအစား အောင်ထွန်းထွန်းတို့ကို လဲလှယ်
ကစားခဲ့ပါတယ်။အဓိက ကစားသမားများ ပါဝင်လာသည်နှင့် ရွှေညီကို အသင်းမှ ဟာကျူလီအသင်း
ဘက်သို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။ ပထမပိုင်း (၇)မိနစ်မှာ ရွှေညီကိုအသင်းမှ
ကိုနိုင်လင်းကျော် ကန်ချက် တိုင်ထိထွက်ခဲ့လို့ ဟာကျူလီအသင်း သက်သာရာရခဲ့ပါတယ်။ ချက်ချင်း
ဆိုသလို ပထမပိုင်း (၈)မိနစ်မှာ ရွှေညီကိုအသင်းမှ ပြည့်စုံဦးရဲ့ ကန်သွင်းချက် ဟာကျူလီအသင်း
ဂိုးသမား ပေါင်ကြားထဲမှ လှလှပပ ၀င်သွားတဲ့အတွက် ရွှေညီကို အသင်း ချေပဂိုးရရှိခဲ့ပါတယ်။
ဟာကျူလီအသင်းဟာ လည်း အနိုင်ဂိုးပြန်လည်ရရှိရေးအတွက် ကစားအားတင်ကစားခဲ့ရာ ဟာကျူလီ
အသင်းမှတိုက်စစ်မှူး ကိုသန်းထွေး ကန်ချက် တိုင်ထိထွက်ခဲ့လို့ အနိုင်ဂိုးတစ်ဂိုးနစ်နာခဲ့ရပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ရွှေညီကို အသင်းကစားသမား အောင်ထွန်းထွန်း အမှားမှတဆင့် ဟာကျူလီ
အသင်း ကစားသမား ကိုထင်ကျော် ဂိုးသမားနှင့်တစ်ယောက်ချင်း အတွေ့ အပိုင်ကန်သွင်းခွင့်ရရှိ
ခဲ့ပေမဲ့ ကန်ချက်မကောင်းခဲ့လို့ ဂိုးသမားကာကွယ်လိုက်နိုင်ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံး
အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြလို့ (၁)ဂိုးစီသရေနှင့် ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ရွှေညီကို အသင်းမှ အောင်အောင်အစား အောင်နေလင်းဝင်ရောက်ကစားခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စသည်နှင့် ကွင်းလယ်ကနေ စပေးဘောပေးရာကတဆင့် ရွှေညီကို အသင်းမှ
အောင်ထွန်းထွန်းကန်ချက်ကို ဂိုးသမား မဖမ်းနိုင်ဘဲ ပေါင်ကြားထဲမှ ၀င်သွားခဲ့လို့ ရွှေညီကိုအသင်း
(၂)ဂိုး(၁)ဂိုးနဲ့ ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။ ဟာကျူလီ အသင်းဟာလည်း ချေပဂိုးရရေး အတင်း
တိုက်စစ်ဆင် ကစားခဲ့လို့ ရွှေညီကို နောက်တန်း အသည်းအသန်ဖျက်ထုတ်နေရပါတယ်။ ဒုတိယ
ပိုင်း (၁၇)မိနစ် အရောက် ရွှေညီကို အသင်းမှ ကိုနိုင်လင်းကျော်ရဲ့ အမှတ်မထင် VOLLEY ဆွဲကန်
မှု ဂိုးသမား မိခဲ့ပါတယ်။ နောက်မကြာမီမှာ ဟာကျူလီအသင်းတိုက်စစ်ဆင်မှုကို ဖျက်ထုတ်ရာမှ
ရွှေညီကို အသင်းထောင့်ကန်ဘောပေးခဲ့ရပါတယ်။ ထောင့်ကန်ဘောကို ဇင်ကိုထက် ကန်တင်ရာ
ကိုသန်းထွေး လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခဲ့ပေမဲ့ ဂိုးသမားမိခဲ့ပါတယ်။ ဟာကျူလီ အသင်း
မှ ကိုသန်းထွေး အနေနဲ့ အပိုင်ဂိုးသွင်းခွင့် အမြောက်အမြားရရှိ ခဲ့ပေမဲ့ ဂိုးအဖြစ် အသုံးမချနိုင်ခဲ့ပါ
ဘူး။ ဒုတိယပိုင်း မိနစ်(၂၀) အရောက် ရွှေညီကို အသင်းတန်ပြန်တိုက်စစ်မှ တဆင့် အောင်ခန့်
ကန်ချက် ဂိုးသမားပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဟာကျူလီ အသင်းကလည်းချေပဂိုးပြန်လည်ရရှိရေး
တရစပ်တိုက်စစ်ဆင်နေမှုကြောင့် ပွဲမှာ ပိုကြည့်ကောင်းလာပါတယ်။ ဒုတိယပိုင်း(၂၂)မိနစ်မှာ
ဟာကျူလီအသင်းမှ ဇင်ကိုထက်ရဲ့ ကန်ချက် ကောင်းသော်လည်းပဲ ရွှေညီကို ဂိုးသမားပုတ်ထုတ်
ကာကွယ်လိုက်နိုင်ပါတယ်။ ရွှေညီကို အသင်းမှ ကိုနိုင်လင်းကျော်အစား သန့်စင်ချို ပါဝင်ကစား
ခဲ့ပါတယ်။ ဒုတိယပိုင်း (၂၃)မိနစ်မှာ ဇင်ကိုထက် ကန်ချက် ဂိုးသမားမိခဲ့ပါတယ်။ ချက်ချင်းဆိုသ
လို ကွင်းလယ်ဖန်တီးမှု မှတဆင့် ဇင်ကိုထက် ရသွားပြီး အပြင်းကန်သွင်းခဲ့ပေမဲ့ တိုင်ဘေးနားက
ကပ်ထွက်သွားလို့ ဟာကျူလီအသင်း ချေပဂိုးရရေး နစ်နာခဲ့ရပါတယ်။ ရွှေညီကို အသင်းအနေနဲ့
ပွဲပြီးခါနီးမှာ ဟာကျူလီ အသင်းရဲ့ တိုက်စစ်ဆင်မှု ကိုတသင်းလုံးဆင်းပြီး ကာကွယ်နေရတာ
တွေ့ရပါတယ်။ ဒုတိယပိုင်း(၂၅)မိနစ်မှာ ဟာကျူလီအသင်းမှ ဇင်ကိုထက်ကန်ချက် ဂိုးသမား
ပေါင်ကြားမှ ထွက်ပြီး ကိုထင်ကျော်ဝင်ပိတ်ပေမဲ့ နောက်တန်းကစားသမား သန့်စင်ချိုရဲ့အနာခံ
ဖျက်ထုတ်မှုကြောင့် ဂိုးမ၀င်ခဲ့ပါဘူး။ သန့်စင်ချို အနေနဲ့လည်း အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိ
သွားခဲ့လို့ ကိုနိုင်လင်းကျော်နဲ့ လူစားပြန်လဲခဲ့ရပါတယ်။ ဒုတိယပိုင်း (၂၇)မိနစ်မှာ ရွှေညီကိုအသင်း
မှ အောင်ထွန်းထွန်း တိုက်စစ်ဆင်မှု ကို ဟာကျူလီအသင်းမှ ကိုမျိုးမင်းဟန် ဖျက်ထုတ်တာနည်း
နည်းကြမ်းတဲ့အတွက် ပြစ်ဒဏ်ဘောကန်ခွင့် ရွှေညီကို အသင်းရရှိခဲ့ပါတယ်။ သို့သော် ရွှေညီကို
အသင်းအနေနဲ့ နောက်ထပ် အနိုင်ဂိုးတစ်ဂိုး မဖန်တီးနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း (၂၈)မိနစ်အရောက်
ရွှေညီကို အသင်းမှ အမှတ်မထင် ဂိုးရှေ့ကန်တင်မှု ဟာကျူလီ အသင်းမှ ကိုမျိုးမင်းဟန် နဲ့ထိပြီး
ဂိုးဝင်သွားခဲ့တဲ့အတွက် ရွှေညီကို အသင်း တတိယဂိုးရရှိသွားခဲ့ပါတယ်။ ဟာကျူလီအသင်းမှလည်း
ချေပဂိုးရရေး တရကြမ်းတိုက်စစ်ဆင်လာရာ ကိုသန်းထွေးကန်ချက် နောက်တန်းနဲ့ထိပြီး
လမ်းကြောင်းပြောင်းသွားလို့ ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့ပါတယ်။ထိုထောင့်ကန်ဘောမှတဆင့်
ကိုသန်းထွေးကန်တင်ရာမှ ဇင်ကိုထက် ခေါင်းတိုက်ခဲ့ပေမဲ့ ဘားပေါ်ကနေကပ်ထွက်သွားခဲ့လို့
ချေပဂိုးရရေးမျှော်လင့်ချက် ပျောက်ဆုံးခဲ့ရပါတယ်။ ပွဲအပြီးမှာ ရွှေညီကို အသင်းမှ ဟာကျူလီ
အသင်းကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိပြီး ဗွေဆော်ဦး သုံးမှတ် ဖြင့် အဖွင့်ပွဲ မျက်နှာပန်းလှခဲ့ပါတယ်။
ဒုတိယပွဲ အနေနှင့် အုပ်စု(က)မှ WINNER FC နှင့် STRIKER FC အသင်းတို့ ယှဉ်ပြိုင်ကစား
ခဲ့ကြရာ တဖက်(၂)ဂိုးစီနှင့် သရေပွဲဖြစ်သွားခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်အနေနဲ့ အုပ်စု(ခ)မှ နာမည်ကြီး ပစ်တိုင်းထောင်အသင်းနှင့် အေးရာအေးကြောင်း
အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြ ရာ အများ မျှော်လင့်ထားသည့် အတိုင်း အသင်းကြီးပီပီ
ပစ်တိုင်းထောင်အသင်းမှ (၄)ဂိုး ဂိုးမရှိဖြင့် ခြေစွမ်းပြ အနိုင်ယူခဲ့ပါတယ်။ အဆိုပါ(၄)ဂိုးစလုံးကို
ယမန်နှစ် အကောင်းဆုံးကစားသမားဆုရ ကိုမျိုးမောင်မောင် မှ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
(၁၂.၀၄.၂၀၁၁)(အင်္ဂါနေ့)
ည-၁၈း၃၀နာရီ GREAT BEAR FC-BACHELOR UNITED
ည-၁၉း၁၀နာရီ ရဲရဲတောက်-WOMANIZER GROUP FC
ည-၁၉း၅၀နာရီ GOLDEN GUARDIAN GROUP(G3)-SENATORS
MIET SPORT သို့ စာမူများပေးပို့လိုပါက mietsoccer@gmail.com သို့လိပ်မူပြီး ပေးပို့နိုင်ပါသည်။
ရေးသားသူ။ ။စိတ်ထားသန့်စင်
1 comments:
အရေးအသားတွေကတော့ တကယ်ကောင်းတယ်ကွာ
Post a Comment