ရက်စွဲ 5.4.2011(18.00) အချိန်တွင် MIET သင်္ကြန် ဘောလုံးပြိုင်ပွဲကြီးစတင် ကျင်းပပါတော.မည်...

ကြုံးဝါးသံများ

MIET ဖလားစပြီ

Sunday, April 10, 2011 ·

အများမျှော်လင့်စောင့်စားနေကြတဲ့ MIET တက္ကသိုလ်ဖလား သင်္ကြန်ကာလ ဘောလုံးပွဲကြီး မနက်ဖြန်(၁၁.၀၉.၂၀၁၁)ဆိုရင် စတင်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ ဆိုးရွား လှတဲ့ ရာသီဥတုကြောင့် ပြိုင်ပွဲ ကျင်းပမည့်နေ့ကို အရင်ရက်ထက် နောက်ကျပြီး သတ်မှတ်ခဲ့ ရပါတယ်။

နှင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဘောလုံးကွင်းကြီးကို MIET တက္ကသိုလ် မြန်မာကျောင်းသားများရဲ့ စည်းလုံးညီညွှတ်မှု၊ အပင်ပန်းခံဇွဲရှိမှုတို့နှင့်အတူ ယခုကဲ့သို့ နဂိုမူလဘောလုံးကွင်းအခြေအနေ ပြန်ရောက်အောင် မခိုမကပ်ဘဲ ၀ိုင်းဝန်းပြီး နှင်းတွေရှင်းလင်းခဲ့ကြတဲ့အတွက် ပရိသတ်တွေ စောင့်စားနေတဲ့ MIET ဖလားဘောလုံးပြိုင်ပွဲ ကြီးကို မကြာခင်အားပါးတရရှုစားရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် အပင်ပန်းခံနှင်းရှင်းခဲ့ကြတဲ့ ညီအစ်ကိုသူငယ်ချင်းများအားလုံးကို ကျွန်တော်တို့ MIET SPORT မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။


ပြိုင်ပွဲမတိုင်ခင် အကြိုခြေစမ်းပွဲများ ရာသီဥတုအခြေအနေကြောင့် ခဏရပ်နားခဲ့ပေမဲ့ပြိုင်ပွဲ အတွက် ကြိုတင်ရင်ခုန်သံတွေကတော့ ရပ်နားခြင်းမရှိပါဘူး။

ပြိုင်ပွဲဝင် အသင်းအသီးသီးရှိ ကစားသမားများ၏ အကြို ရင်ခုန်သံများကို ဖော်ပြလိုက်ရပါတယ်။

WINNER FC ဘောလုံးအသင်း၏ နာမည်ကြီးကွင်းလယ်ဖန်တီးရှင် အောင်ဝင်းထွန်းရဲ့ ပြောကြား ချက် ....

"ကျွန်တော်တို့ အသင်းက ဒဏ်ရာရာကစားသမားတွေများနေပါတယ်။ဒါပေမယ့်  ကျွန်တော်ကတော့ဝှက်ဖဲတစ်ချပ်ဖြစ်သွားနိုင်ပါတယ်။ပါမယ်မပါဘူးကတော့ပွဲစတဲ့ နေ့ မှပဲပရိတ်သတ်တွေကိုအသိပေးမှာ ပါ။ကျွန်တော်ပါပါ မပါပါ အနိုင်ကန်သွားမှာပါ။"

SENATORS FC အသင်းတိုက်စစ်မှူး စိုင်းဝဏ္ဏ၏ ပြောကြားချက်...

"ကျွန်တော်တို့ ကတော့ အောင်ပြည့်မိုး(GOLDEN GUARDIAN GROUP FC)နဲ့ပထမဦးဆုံး စတွေ့မှာပါ။ နိုင်မှာပါ။သေချာပါတယ်။"

ဟာကျူလီ အသင်းတိုက်စစ်မှူး ဇင်ကိုထက်ရဲ့ အသံ...

"ကျွန်တော်တို့ကတော့ မနက်ဖြန်မှာ ရွှေညီအစ်ကို အသင်းနဲ့ ပွဲဦးထွက်မှာရင်ဆိုင်ရပါမယ်။အုပ်စုတွင်း ပွဲကြပ် တစ်ပွဲပါပဲ။နိုင်အောင်ကန်မယ်လို့အားတင်းထားပါတယ်။"

တခြားနာမည်ကြီးတစ်သင်းဖြစ်တဲ့ ပစ်တိုင်းထောင်အသင်းကတော့ မနက်ဖြန်ပွဲအတွက် ကစားသမားများကိုမန်နေဂျာနှင့်အသင်းခေါင်းဆောင်မှခေါ်ယူပြီးအရေးပေါ်အစည်းအဝေး လုပ်တာတော့တွေ့ရပါတယ်။ ဘယ်လိုယှဉ်ပြိုင်မယ်။ဘယ်သူတွေပွဲထွက်လာမယ်ဆိုတာကို တော့ MIET SPORT သို့ပြောကြားခဲ့ခြင်းမရှိပါဘူး။

ပြိုင်ပွဲပြီး အခြေအနေများကို ကျွန်တော်တို့ MIET SPORT မှ အချိန်နဲ့တပြေးညီ ပရိသတ်များ ဆီသို့ တင်ပြရေးသားသွားပါ့မယ်။

(၁၁.၀၉.၂၀၁၁)(တနင်္လာနေ့)

ည-၁၈း၃၀နာရီ ဟာကျူလီ-ရွှေညီကို

ည-၁၉း၁၀နာရီ Winner Fc-Striker Fc

ည-၁၉း၅၀နာရီ အေးရာအေးကြောင်း-ပစ်တိုင်းထောင်

MIET SPORT သို့ စာမူများပေးပို့လိုပါက mietsoccer@gmail.com သို့လိပ်မူပြီး ပေးပို့နိုင်ပါသည်။

ရေးသားသူ။ ။ စိတ်ထားသန့်စင်






0 comments:

Post a Comment

ပွဲစဉ်များ

အချိန်အသင်းအမည် အသင်းအမည်

အုပ်စုပွဲစဉ်ရလဒ်များ

အသင်းအမည် ရလဒ် အသင်းအမည်
ဟာကျူလီ ၁-၃ ရွှေညီကို
Winner ၂-၂ Striker
ပစ်တိုင်းထောင် ၄-၀ အေးရာအေးကြောင်း
Great Bear FC ၆-၀ Bachelor United
ရဲရဲတောက် ၁-၀ Womanizer group fc
Golden Guardian Group (G3) ၀-၁ Senators
Striker ၁-၀ Golden Guardian Group (G3)
Senators ၂-၁ ဘာလာလာ
ပစ်တိုင်းထောင်၎-၁ Bachelor United
Great Bear FC ၁-၀ Womanizer Group FC
အေးရာအေးကြောင်း၂-၀ ရဲရဲတောက်
ဟာကျူလီ ၁-၂ Winner

ဂိုးသွင်းသူများစာရင်း

tr>
စဉ် အမည် သွင်းဂိုး အသင်းအမည်
၁ မျိုးမောင်မောင် ၆ ပစ်တိုင်းထောင်
၂ နေ၀င်းထွန်း ၅ Great Bear FC
၃ စည်သူငြိမ်း ၃ Great Bear FC
၎ စိုးသူ ၂Winner
၅ အောင်ထွန်းထွန်း ၂ ရွှေညီကို

စာအသစ်တင်တိုင်း ပို့ပေးမယ်

အီးမေးလ်လိပ်စာထားခဲ့ပေးပါ

miet