- ဒီနေ့တွင် ဒိတ်ဒိတ်ကျဲ FC ရဲ့ အဖွင့်ပွဲ စတင်မှာဖြစ်။
- အဖွင့်ပွဲ ဖြစ်သည်နှင့် အားလျော်စွာ ဒိတ်ဒိတ်ကျဲ အသင်းသားများဟာ အားကြိုးမာန်တက် စိတ်ဓါတ်တက်ကြွလျက်ရှိ။
- ဒိတ်ဒိတ်ကျဲ ဆိုတဲ့ အမည်နှင့် လိုက်ဖက်အောင်လည်း ကြိုတင်ပြင်ဆင်မူများ ပြုလုပ်ထားကြောင်း။
ဒိတ်ဒိတ်ကျဲ FC မှ လူငယ်ခြေတက်ကလေးများ အသင်း ၀တ်စုံ အပြည့်အစုံများ နှင့် တက်ကြွနေ(ညကတည်းက ၀တ်အိပ်ကြ)။
- ဒီနေ့အတွက် first line up ထွက်ပေါ်လာ -
ဂိုး - တေဇာလင်း။
နောက်တန်း - မိုးဇော်သွေး(ML ကုန်စုံဆိုင်)၊ သန်းဇော်ဦး(လ၀ီ)။
အလယ်တန်း - ဆန်းမင်းနိုင်(lovercreator)၊အောင်စိုးလွင်(မီးပြတိုက်)။
ရှေ့တန်း - ကျော်ဇော်ရဲ(တာပိန်) ၊ ကျော်မျိုးထွန်း(779) ။
စောင့်ကြည့်ရမည့် ကစားသမား - ကျော်ဇော်ရဲ(တာပိန်) ။
- အခုလို တရားဝင် ဖော်ပြလိုက်တာဟာလည်း တဖက် အသင်းကို အထင်သေးသည် ဟု မထင်စေလိုကြောင်း။
- ပရိတ်သတ်များ အတင်းတောင်းဆိုမူ အရ ဖြစ်ကြောင်း။
- ဒီနေ့ပွဲ တွင် ဆန်းမင်းနိုင်(lovercreator) ဟာ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ ဘ၀ အတွက် နာမည်ထင်ကျန်စေရမယ့်
ပွဲဖြစ်စေပြီး အစွမ်းကုန် ကြိုးစားသွားမည်ဟု ကြုံးဝါးထားကြောင်း။
- စောင့်ကြည့်ရမည့် ကစားသမားဖြစ်သည့် ကျော်ဇော်ရဲ (တာပိန်) ဟာလည်း
အထူးကြောက်မက်ဖွယ် ကောင်းလောက်အောင် တစ်ဖက်အသင်းကို ထိုးစစ်ဆင်နိုင်ကြောင်း (အသံနှင့်)။
- ရှေ့တန်းတိုက်စစ် ကျော်မျိုးထွန်း(779)ဟာဆိုရင် ဒီနေ့ပွဲမှာ တစ်ဖက် အသင်းနောက်တန်းတွေကို ဟာကနဲ့ ဖြစ်ကျန်ရစ်အောင် ဘယ်လို
လှည့်ပတ် ခြေစွမ်းတွေ ပြမယ် (အက)ဆိုတာကို ပရိတ်သတ်တို့ စိတ်ဝင်စားနေကြောင်း။
- အောင်စိုးလွင်(မီးပြတိုက်) ဟာ ဘောလုံးကွင်းထဲတွင် မျက်မှန် နှင့် ကန်ခွင့် ရှိမရှိ MIET ဘောလုံးအဖွဲ့ချုပ်သို့ စာတင်မေးမြန်းထားပြီး၊
ဘောလုံးအဖွဲ့ချုပ်ထံမှ တိကျတဲ့ အဖြေ မရသေးသောကြောင့် ၊ ဒီနေ့ ပွဲ အတွက် အဓိက ကစားသမားတစ်ယောက် လက်လွတ်ဆုံးရုံးတော့မည် ဖြစ်ကြောင်း။
- နောက်ဆုံး သီတင်းအရ အသင်း အက်ဒမင် ဆိုင်ရာ အအေး၊ အာလူးကြော် နှင့် ဆေးလိပ်များ အတွက်
မိုးဇော်သွေး(ML ကုန်စုံဆိုင်) နှင့် ကျော်မျိုးထွန်း(779) တို့မှ မည့်သည့်ဆိုင်က ယူမည်ဆိုတာကို ဒိတ်ဒိတ်ကျဲ FC
မှာ ဆွေးနွေးညှိနိုင်းနေကြောင်း နှင့် တစ်ဆက်တည်းမှာပဲ ဆက်ဆံမူ အားကောင်းတဲ့ ဆိုင်နှင် ဈေးလျော့ပေးမည့်
ဆိုင်ကိုသာ ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment