မနက်ဖန် ၁.၈.၂၀၁၀ နေ ၂၀း၀၀ အချိန်မှာဆိုရင်ဖြင့် ၀ါရင့်(Game)ကစားသမားများစွာပါဝင်တဲ့ Monster club နဲ့ လူငယ်ခြေပြက် ကစားသမားများစွာပါဝင်တဲ့ မိုက်တီးလေးများ-FC တို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။၂ သင်းစလုံးမှာကောင်းမွန်တဲ့ကစားသမားများစွာပါဝင်နေတဲ့အတွက်ကြည်ကောင်းမယ်ပွဲးတစ်ပွဲဆိုရင်လည်းမမှားပါဘူး။Monster club ဟာ နာမည်နဲ့လိုက်အောင် ကို လူကောင်ကြီးကြတဲ့အတွက် အသင်းအတွက်အားသာချက်တစ်ချက်ဆိုရင်လည်းမမှားပါဘူး(အထူးသဖြင့် အသင်းနည်းပြ အဘလေး (ခ)စိုးသူအောင်)ဂိုးသမားဟာဆိုရင် ၄၉ အင်တိတ်ရဲ့ လက်ရွှေးစင်ဟောင်း အောင်ကျူကျူ ဟာဆိုရင် သဘာရင်ဝါရင့် ဂိုးသမားကောင်းတစ်ဦးဖြစ်ပါတယ်းP နောက်တန်းမှာ ဆိုရင်လည်း ဝေယံလွင် ကျော်မြင်အောင်တို့နဲ့ အတူ Shadow Striker ကိုရန်ကြီးတို့ ဟာအတွဲးမိမိ ကစားမယ်အနေအထားပါ။အသင်းခေါင်းဆောင်ကို ခန့်ကြီးဟာဆိုရင်လည်း တစ်ဖက်အသင်နောက်တန်းတွေ သတိထားရမယ့်ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။အလားတူ မိုက်တီးလေးများ-FC ဟာဆိုရင်ဖြင် လူငယ်ခြေပျက်ကစားသမား များစွာပါဝင်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ဒီအသင်းမှာဆိုရင် ဂိုးကိုရရင် ရသလိုကန်သွင်းတက်တဲ့ စိုးပြည့်လွင် နဲ့ ရွန်းနီ တိုတိုက်စစ်အတွဲးရှိနေတာကြောင့်တစ်ဖက်နောက်တန်းတွေ အထူးသတိထားရမယ့်အနေအထားပါ။ အခုလိုအဘက်ဘက်က ပြည့်စုံနေပြီး ပွဲးဦးထွက်မို့ နှစ်ဘက်စလုံး က အားကြိုးမန်တက်ကစားကြမှာ ဖြစ်တဲ့အတွက် သရေကြရင်ကြ မကြရင် ဂိုးပြတ်မယ်အနေအထားပါ။လက်ရှိလူစာရင်းအရ ဆိုရင်ဖြင့် မိုက်တီးလေးများ-FC က အောင်ပွဲးခံမယ်အနေအထားမှရှိနေပါတယ်။ဒါပေမယ်လည်းဘောလုံးက အလုံးကြီးဖြစ်နေတဲ့အတွက် ဂိုး Luck ရှိတဲ့အသင်းကတော့ အနိုင်ရသွားမှာပါ။
3 comments:
ဂိုးသမား အောင်ကျုကျုက ဘယ်သူကြီးလဲ
ဂိုးပြတ်မယ်ဆိုတာကတော့ သွင်းဂိုးမဟုတ်ပါဘူး အားကစားသမားတွေရဲ့ကန်ချက်ကြောင့်ဂိုးတိုင်းကျိုးပျက်မှာပါ :P
ကျွန်တော်တို့အသင်းဟာဆိုရင် မထင်မှတ်အောင် တောင့်တင်းသွားပါတယ် ပထမပိုင်းကော ဒုတိယပိုင်းပါ ထိထိရောက်ရောက်ဖိပြီးကစားနိုင်ခဲ့ပါတယ် သို့ပေမဲ့ နောက်တန်းများရဲ့ အမှားလေးတခုပါ မှားတာကလဲ အဲဒီအမှားလေးပါပဲ ကံမကောင်းခဲ့လို့ သရေကျသွားတာပါ အသင်းသားတွေအားလုံးကို ကျေးဇူးတင်ပါတယ် လျော့မတွက်ပါနဲ့လို့ပြောပါရစေ (monster club's captain)
Post a Comment