ရက်စွဲ 5.4.2011(18.00) အချိန်တွင် MIET သင်္ကြန် ဘောလုံးပြိုင်ပွဲကြီးစတင် ကျင်းပပါတော.မည်...

ကြုံးဝါးသံများ

LMM(လူမိုက်များ)FC

Thursday, July 29, 2010 ·

LMM(လူမိုက်များ)FC အသင်းရဲ့ အခြေအနေကိုတင်ပြရမယ်ဆိုရင်ဖြင့်

ရှေ့တန်းအထောင်တိုက်စစ်မှူးအဖြစ် ဘောကြီး(ခ)ညီညီထွေးဟာ ကြံ့ခိုင်မှု့ပြည့်ဝစွာဖြင့်

Voice On လျှက်ရှိနေပါတယ်.. သူဟာဆိုရင်ဖြင့် ဘောလုံးအထိန်းအသိမ်းနဲ့ အလိမ်အခေါက်မှာဆိုရင်ဖြင့် အများမတူပါရမီရှိတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါ

တယ်.. ဘယ်လောက်လိမ်သလဲဆိုရင်ဖြင့် ဘောလုံးကွင်းထဲက မြက်ပင်များပါ သူလိမ်လို့ မူးနေပါတယ်… အလယ်တန်းမှာဆိုရင်ဖြင့် MIPT ကျောင်းကို အငှားသွားရောက်ကစားနေ

သော ကြည်ကြည်(ခ) ဝေဖြိုးကြည်ဆိုရင်လဲ LMM(လူမိုက်များ)FC အတွက် အဓိက

ကစားသမားတစ်ဦးဖြစ်ပါတယ်.. သူရဲ့ထူးခြားချက်ကတော့ ဘာကာအသင်းမှ ဇာဗီ ၀င်ကစား

နေသလိုပါပဲ(နည်းနည်းမှမတူပါဘူး) သူဟာကွင်းလယ်ရဲ့ ဘုရင်လို့တောင်တင်စားခေါ်ဝေါ်ခြင်း

ကိုခံထားရသူ(အရက်ဝိုင်း)တစ်ယောက်ဖြစ်ပါတယ် .. သူနဲ့ တွဲဖက်ကာ ကစားမယ့် နောက်ကစားသမားတစ်ယောက်ဟာဆိုရင်ဖြင့် တာဝန်တွေမအားလပ်တဲ့ကြားက လာေ၇ာက်ကာ ကစားပေးမယ် ပေါက်စီရောင်းတဲ့ အတီး(ခ)စည်သူဒွေးပါ ..

သူဟာ နေ့စဉ်နေ့တိုင်းစာအုပ်တစ်အုပ်နဲ့ လက်မှတ်လိုက်ထိုးပြီး မအားလပ်တဲ့သူတစ်ယောက်

ဖြစ်ပါတယ်.. ဒါပေမယ့် သူဟာ ထူးချွန်တဲ့ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်ပါတယ်

သူနဲ့ခိုင်းနှိုင်းရမယ်ဆိုရင်တော့ သူရဲ့ကစားပုံဟာ ဘာကာကွင်းလယ်မှ အင်ဒီရေစတာရဲ့ ကစားဟန်နဲ့ တူပါတယ်.. LMM(လူမိုက်များ)FCရဲ့ အလယ်တန်းဟာဆိုရင်ဖြင့် ဘာစီလိုနာအသင်းရဲ့ အလယ်တန်းကစားကွက်နဲ့ ဆင်တူပွဲထွက်လာမှာဖြစ်ပါတယ်

နောက်တန်းကစားသမားတွေအနေနဲ့ကတော့ ဘယ်အစွန်မှာဆိုရင် အင်တိတ်က အရမ်းကြောက်ရတဲ့ ထူးထူး(ခ) ထူးဝေယံဖြိုး ..သူဟာဆိုရင်လဲ တစ်ချိန်တစ်ခါက( ဘယ်တုန်းကမှန်းတော့မသိပါဘူး) လျှမ်းလျှမ်းတောက် ကစားသမားတစ်ယောက်ဖြစ်ပါတယ်

သူရဲ့ ကစားပုံဟာ မန်ယူအသင်းရဲ့ အီဗရာ ကစားပုံနဲ့ ထပ်တူကျပါတယ်.. အခု ကျွန်တော်တင်ပြထားတဲ့ကစားသမားများကတော့ LMM(လူမိုက်များ)FCရဲ့ အဓိက ကစားသမားတွေဖြစ်ပါတယ်.. နောက်ထပ်သူတို့နဲ့တွဲဖက်ကာ ကစားကြမယ့် ရွက်ပုန်းသီး(လူငယ်ခြေပျက်) ကစားသမားများလဲ ကျန်ရှိပါသေးတယ် ..

ကျွန်တော်တို့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာကတော့ ရူပါဖြူးဖြူး အသားတူးတူးနဲ့

ကလိမ်(ခ) ဇော်ဝင်းထူးဟာဆိုရင်ဖြင့် ကစားကွက်ကို ဗော်ကာသောက်ကာ စီမံခန့်ခွဲနေပါတယ်.. နောက်ပြီးရွက်ပုန်းသီးကစားသမားများကိုလဲ အပြင်းအထန်လေ့ကျင့်ခိုင်းထားပါတယ်.. LMM(လူမိုက်များ)FC အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကိုတော့ ကိုကိုလူမိုက်(ခ) အောင်ထွန်းထွန်းက တာဝန်ယူပြီး..

အသင်းနဲ့အတူ ပြင်းပြင်းထန်ထန် လေ့ကျင့်(Chat) လျှက်ရှိပါတယ်.. Admin ခိုင်မှ စစ်နိုင်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အသင်းရဲ့ Admin ကိစ္စကို မိစံ(ခ)ကောင်းစံမှ တာဝန်ယူပြီး စီမံခန့်ခွဲလျှက်ရှိပါတယ်.. ရွက်ပုန်းသီးထဲမှ တာလဘော(ခ)ဟန်ထွန်းအေးဟာဆိုရင်ဖြင့်

ရီးရယ်အသင်းရဲ့ Captain ကာဆီးလက်လို လက်စွမ်းပြ ကစားသွားမယ်လို့ကြုံးဝါးထားတဲ့

ကစားသမားတစ်ဦးဖြစ်ပါတယ် .. သူဟာဆိုရင် (online) တက် ကာ ပိုက်ဘောဖမ်းလေ့ကျင့်နေပါတယ် .. အသင်းတစ်သင်းရဲ့ Danger ကစားတစ်ဦးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင် အသင်းမှ အသက်အငယ်ဆုံးကစားသမား ကိုရာကြီး(ခ) ကိုရာဇာ

ထွန်းဟာဆိုရင်လဲ လျင်လျင်မြန်မြန်တိုက်စစ်ဆင်ကစားပြီး တစ်ဖက်နောက်တန်းကစား

သမားများ ကစဥ့်ကလျား ဖြစ်သွားအောင် သူရဲ့မှော်အတတ်နဲ့ကစားတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ် .. ကျွန်တော်တို့ LMM(လူမိုက်များ)FCနဲ့ ယှဉ်ပြိုင်ကစားရမယ့် အသင်းတွေထဲမှာတော့ လူငယ်ခြေတက်များနဲ့

ဖွဲ့စည်းထားတဲ့ ဒိတ်ဒိတ်ကျဲFC အသင်းဟာဆိုရင်ဖြင့် ကိုတေကြီးနဲ့ ကိုအနဂ္ဂတို့ တိုက်စစ်အတွဲဟာဆိုရင် MIET ရဲ့ အကောင်းဆုံးတိုက်စစ်အတွဲလို့နာမည်ကြီးလျှက်ရှိပါတယ်

LMM(လူမိုက်များ)FC ရဲ့ ကစားသမားများဟာဆိုရင်ဖြင့် လေ့ကျင့်သား(Chatting) ပြည့်ဝလျှက်ရှိပြီး အောင်မြင်မှု့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရန် စိတ်အားထက်သန်နေပါ

တယ် .. အသင်းသားများတင်မကပါဘူး သူတို့ရဲ့မဒီကညာလေးတွေ (WAGs) တွေကလဲ

LMM(လူမိုက်များ)FC အောင်မြင်ရေးအတွက် စိတ်ဓါတ်အင်အားများမြှင့်တင်ပေးလျှက်ရှိပါ

တယ် .. LMM(လူမိုက်များ)FC အသင်းဟာ အခုဆိုရင်ဖြင့် အဖက်ဖက်မှပြည့်စုံပြီး MIET အားကစားကွင်းမှာ ဘယ်လို ခြေစွမ်းမျိုးနဲ့ အသုံးတော်ခံမလဲဆိုတာကိုတော့ဖြင့် MIET ပရိတ်သတ်များ စိတ်ဝင်တစားစောင့်မျှော်နေဆိုတာ ………

0 comments:

Post a Comment

ပွဲစဉ်များ

အချိန်အသင်းအမည် အသင်းအမည်

အုပ်စုပွဲစဉ်ရလဒ်များ

အသင်းအမည် ရလဒ် အသင်းအမည်
ဟာကျူလီ ၁-၃ ရွှေညီကို
Winner ၂-၂ Striker
ပစ်တိုင်းထောင် ၄-၀ အေးရာအေးကြောင်း
Great Bear FC ၆-၀ Bachelor United
ရဲရဲတောက် ၁-၀ Womanizer group fc
Golden Guardian Group (G3) ၀-၁ Senators
Striker ၁-၀ Golden Guardian Group (G3)
Senators ၂-၁ ဘာလာလာ
ပစ်တိုင်းထောင်၎-၁ Bachelor United
Great Bear FC ၁-၀ Womanizer Group FC
အေးရာအေးကြောင်း၂-၀ ရဲရဲတောက်
ဟာကျူလီ ၁-၂ Winner

ဂိုးသွင်းသူများစာရင်း

tr>
စဉ် အမည် သွင်းဂိုး အသင်းအမည်
၁ မျိုးမောင်မောင် ၆ ပစ်တိုင်းထောင်
၂ နေ၀င်းထွန်း ၅ Great Bear FC
၃ စည်သူငြိမ်း ၃ Great Bear FC
၎ စိုးသူ ၂Winner
၅ အောင်ထွန်းထွန်း ၂ ရွှေညီကို

စာအသစ်တင်တိုင်း ပို့ပေးမယ်

အီးမေးလ်လိပ်စာထားခဲ့ပေးပါ

miet